မိတ်ဆက်

မင်္ဂလာပါ။
အေးမွန်မြတ်ပါ။ 


ဂျပန်ဘာသာစကားနဲ့ပတ်သက်ပြီး ဘာသာပြန်/စကားပြန်အလုပ်ကိုလုပ်ပါတယ်။
ဂျပန်နိုင်ငံမှာ၉နှစ်နီးပါးနေထိုင်ခဲ့ပြီး ဘာသာပြန်/စကားပြန်အလုပ်ကို၅နှစ်လောက်လုပ်ခဲ့ပါတယ်။
နဂိုယာတက္ကသိုလ်မှာ မတူကွဲပြားယဉ်ကျေးမှုဆက်ဆံရေးနှင့်သက်ဆိုင်သော
အသုံးချဘာသာဗေဒကိုအထူးပြုသင်ခဲ့ပြီး ဘွဲ့လွန်ဘွဲ့ကိုယူခဲ့ပါတယ်။
ကျောင်းပြီးတော့ တိုကျိုမြို့က အိုင်တီကုမ္ပဏီတစ်ခုမှာ၅နျှစ်အလုပ်လုပ်ခဲ့ပါတယ်။
သားအငယ်ကိုမွေးပြီး မြန်မာပြည်ပြန်ဘို့ စဉ်းစားခဲ့ပါတယ်။ အလုပ်ပြောင်းဘို့အတွက် အဆက်အသွယ်ရပြီး NTT DATA Myanmar ကုမ္ပဏီဖွင့်လှစ်ဘို့ အလုပ်ရပြီး ရန်ကုန်ကိုပြန်လာခဲ့ပါတယ်။

အဲဒီကုမ္ပဏီမှာ ၃နှစ်အလုပ်လုပ်ခဲ့ပြီး ကိုယ်ပိုင်ကုမ္ပဏီမှတ်ပုံတင်ခဲ့ပါတယ်။
ဘာသာပြန်/စကားပြန်လုပ်ငန်းကို ၀ါသနာပါတာကတကြောင်း  ဘွဲ့လွန်အထူးပြုယူခဲ့တဲ့ဘာသာရပ်ဖြစ်တာကတကြောင်းတို့ကြောင့် လက်ရှိလုပ်ကိုင်နေပါတယ်။
တကယ်ကတော့ ဘာသာပြန်/စကားပြန်လုပ်ငန်းကို တွဲဘက်အလုပ်အဖြစ်လုပ်ကိုင်နေခဲ့တာ ၁၉၉၉ခုနှစ်လောက်များကတည်းကပါပဲ။ဒါကြောင့်ဂျပန်ဘာသာနဲ့ပတ်သက်လို့အကူအညီလိုခဲ့ရင် ဆက်သွယ်လိုက်ပါ။ ကျွန်မအတတ်နိုင်ဆုံးဝန်ဆောင်မှုပေးနိုင်ပါတယ်။

0 件のコメント:

コメントを投稿

注: コメントを投稿できるのは、このブログのメンバーだけです。